Saturday, March 30, 2013

စိတ်ဆိုသော စာမျက်နှာများ (about worry)

   လူဘ၀ရယ်လို့ ဖြစ်လားပြီးဆိုရင်တော့ စိတ်ဆိုတဲ့ နာမ်(ပရမါတ်)က အတော်လေး နားလည်ရခက်ပါတယ် စိတ်ဆင်းရဲရတာကတစ်မျိုး စိတ်ချမ်းမြှေ့ရတာကတစ်မျိုးနဲ့ အမြဲတမ်းကြုံတွေ့နေရပါတယ် ဘ၀မှာ အနေအထိုင်ဆင်းရဲလို့စိတ်ဆင်းရဲတာတစ်မျိုး၊ ချမ်းသာပြန်တော့လည်း ကိုယ့်ထက်မြင့်တဲ့သူတွေနဲနှိုင်း ယှဉ်ပြီးသာချင်ပြန်တော့ စိတ်ကဆင်းရဲရပြန်ပါတယ် စိတ်ဆိုတဲ့ ရလေ လိုလေ အိုတစ္ဆေကြောင့်ပါပဲ အော် ......တစ်ခါတစ်လေဘ၀ဆိုတာ အတိတ်ကကိုယ့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ တည်ဆောက်ထားပြီး နောက်လာ မယ့်ဘ၀တွေကိုတော့ အခုဘ၀ရဲ့လုပ်ဆောင်ချက်တွေနဲ့ တည်ဆောက်ထားတယ်ဆိုတာ မေ့နေမိပါတယ် အဲဒါကြာင့်ပဲ စိတ်ဆင်းရဲရတာတွေ စိတ်ချမ်းမြှေ့ရတာတွေကို  ဖြစ်နေ၊ ခံစားနေမိပါတယ် စိတ်ဓါတ်ကျနေပြီ ဆိုရင်ဖြင့် တရားထိုင်တာ(meditation)တို့၊ ကိုယ့်စိတ်ပျော်ရွှင်နိုင်စေမယ့်နေရာကို ကိုယ်နဲ့စိတ်တူညီနိုင်မဲ့၊
နားလည်းခံစားပေးနိုင်မဲ့သူနဲ့ သွားတာတို့၊ ကိုယ့်တိုင်လည်း ကြိုက်နှစ်သက်နိုင်တဲ့ ဟာသ(comedymovie) ဇာတ်ကားတွေကို ကြည့်ခြင်းဖြင့် စိတ်အာရုံကို တစ်ခြားသို့ လှည့်စားပေးခြင်းဖြင့် စိတ်ဆင်းရဲစရာတွေကို   ခဏတာမေ့ထားဖြစ်ပါတယ် ....            

        ကျွန်တော်ဆိုရင် စိတ်ဆင်းရဲ၊ စိတ်ဓါတ်ကျနေတဲ့အချိန်ဆိုရင် အဘဘိုးမင်းခေါ်င်ရဲ့ကဗျာလေးကို ရွတ်ပြီးစိတ်ကို   ပြန်ဖြေပါတယ်    လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့်၊  ကိုယ့်လုပ်တိုင်းသာ ဖြစ်နေပါက၊ ဘယ်မှာ လောဘ ဆုံးမည်နည်း၊ ပြောတိုင်းမရ ဒေါမထနှင့်၊    ကိုယ့်ပြောတိုင်းသာ ရနေပါက၊  ဘယ်မှာဒါသရှိမည်နည်း။               
Don't worry , Be happy !
                               

No comments:

Post a Comment